Tuesday, September 17, 2013

Abdominal Pain နာတယ်ဆိုတာ မကောင်းပါ

May 25, 2010 at 3:10 PM
ဆရာရှင့် သမီး ဗိုက်တအား အောင့်အောင့်နေပါသဖြင့် ဆရာနှင့် တိုင်ပင်ချင်ပါသည်။ ကန်တော့ပါ ဆရာရှင့်၊ ဘယ်ဘက် ဆီးစပ် အပေါ်နားမှ စတင်ပြီး၊ ဝမ်းဗိုက်တပြင်းလုံး ပူ၍ စူးလာကာ ရင်ညွန့်ထိ တက်အောင့်ပါသည်။ ဆေးရုံသွား၍ ပြသသောအခါ X-Ray/CT Scan ဖြင့် စစ်ဆေးသော်လည်း၊ normal result သာပြ၍ Abdominal Pain ဟူ၍သာ မှတ်ချက်ချ၍ ဆေးများ ပေးလိုက်ပါသည်ရှင်။ ဆေးများကို သောက်သော်လည်း သိသိသာသာ သက်သာလာခြင်း မရှိသေးပါ ဆရာရှင့်။ အစာ စားပြီးနောက် ပိုနာသဖြင့် အရည်သာသောက် နေရပါသည်ရှင့်။ ဆီးသွား မှန်သော်လည်း၊ ဝမ်းမသွားသည်မှာ ၄, ၅ ရက် ရှိနေပါပြီရှင့်။ ဗိုက်အောင့်သဖြင့် မအိပ်ရသော ညပေါင်းလည်းများ နေပါပြီးရှင့်။ ကျေးဇူးပြုပြီး အကြံဥာဏ်များပေးပါရှင့်။

မဖတ်ရသေးရင်တော့ Peptic ulcer လေနာဆိုတာ ဘုရင်မှာလည်းဖြစ်သည် ကိုပါ ဖတ်စေချင်တယ်။

Abdominal ဆိုတဲ့ ခေါင်းစဉ်ကို Music သမားတွေက ဖတ်ရင် (တိုရွန်တို) က Rapper လို့ ထင်ချင်ထင်နေမယ်။ မဟုတ်ပါ၊ ဗိုက်ပါသူတိုင်း ခံစားရတဲ့ ဝေဒနာအကြောင်းသာ ဖြစ်ပါတယ်။ လေနာမဟုတ်ဘဲ ဗိုက်နာတာတွေ အများကြီး ရှိတယ်။ “အနာမဲ့သူ ရှင်ပါကူ” ကလွဲရင် လူတိုင်းလိုလို ဗိုက်နာတာက ခဏခဏဖြစ်ကြရတယ်။ တချို့ ခွဲစိတ်ခံကြရတယ်။

ဗိုက်ဆိုတာ လူ့ကိုယ်မှာ နေရာအများဆုံး ယူထားတယ်။ အထဲမှာ အင်္ဂါတွေကလည်း စုံလှတယ်။ နှလုံးနဲ့ အဆုပ်သာရှိတဲ့ ရင်ခေါင်း Chest (Thorax) အောက်က Abdomen ဗိုက်ဖြစ်တယ်။ ရင်ခေါင်းနဲ့ ဗိုက်ကို Diaphragm ကြွက်သား ခုံးခုံးကြီး တခုနဲ့ နယ်နိမိတ် ခြားထားတယ်။ အစာအိမ်၊ အူသိမ်၊ အူမကြီး၊ အစာဟောင်းအိမ်၊ အသဲ၊ ဘေလုံး၊ သည်းခြေအိပ်၊ ကျောက်ကပ်၊ ဆီးပြွန်ဆိုတဲ့ အင်္ဂါတွေရယ် သူတို့နဲ့ တွဲနေတဲ့ သွေးကြောတွေ၊ (လင့်ဖ်) ကြောတွေ၊ အာရုံကြောတွေ၊ အမြှေးတွေ ရှိကြတယ်။ ဗိုက်နဲ့ တဆက်ထဲ အောက်မှာရှိတာက Pelvis တင်ပါးဆုံပိုင်း။ သူအထဲမှာ Bladder ဆီးအိမ်၊ Uterus သားအိမ် (အမျိုးသမီး)၊ Prostate ဆီးအကြိတ် (အမျိုးသား) နဲ့ Rectum အစာဟောင်းအိမ်တွေ ရှိကြတယ်။

နယ်နိမိတ် ဆိုတာ သင်ကြား-မှတ်သားလို့ အဆင်ပြေအောင် ပြောရတာပါ။ တနေရာမှာ တခုခုဖြစ်ရင် ကပ်နေတဲ့ နေရာကိုပါ သက်ရောက်စေတယ်။ ဒါ့ကြောင့် တိုင်းပြည်တခုမှာ တခုခုဖြစ်ရင် အိမ်နီးချင်းတွေ မနေသာတဲ့ သဘောမျိုး။ ပြည်တွင်းရေးကိစ္စဆိုပြီး၊ မျက်နှာလွှဲနေတာမျိုးကို ကျန်းမာရေးမှာ လုပ်မရပါ။

ဗိုက်နာတာကို ချက်ချင်းဖြစ်-အတင်းနာတာကို Acute pain in abdomen ရောဂါတွေခေါ်တယ်။ ရမ်းကုဆရာတွေက နာတဲ့နေရာမှာ ဆေးထိုးတယ်။ နာတာကို သိတဲ့ အာရုံကြောက အမျိုးမျိုးရှိနေလို့ ဗိုက်နာတာကို ရိုးရိုးစင်းစင်း၊ စဉ်းစားလို့ မရဘူး။

Visceral pain မျိုးက အထဲအင်္ဂါတွေမှာ တခုခုဖြစ်လို့ ဟိုနားကလို၊ ဒီနားကလို အောင့်တာမျိုး။ Vague, Dull, Nauseating အန်ချင်သလိုလဲ နေတတ်တယ်။ ဗိုက်အပေါ်ပိုင်းမှာ ရှိကြတဲ့ အစာအိမ်၊ အူသိမ်အစပိုင်း၊ အသဲ၊ သရက်ရွက်တွေမှာ ဖြစ်ရင် ဗိုက်အပေါ်ပိုင်းမှာ နာတယ်။ အူသိမ်၊ အူအတက်နဲ့ အူမကြီးအစပိုင်းက ဖြစ်ရင် ချက်တဝှိုက်မှာ နာတယ်။ အူမကြီးနဲ့ ဆီးလမ်းကဖြစ်ရင် ဗိုက်အောက်ပိုင်းမှာ နာတယ်။ Autonomic nerve ဆိုတဲ့ အာရုံကြောတွေ ကြောင့်ဘဲ။

Somatic pain ဆိုတာက Parietal peritoneum ဗိုက်အတွင်းအဖုံးလွှာမှာ Infection ပိုးဝင်ရင် နာတာမျိုးက စူးစူးရှရှ၊ နေရာအတိအကျ နာတယ်။ ဘာ့လို့လဲဆိုတော့ Somatic nerves ဆိုတဲ့ အာရုံကြောကြောင့်ဘဲ။

Radiating pain ဆိုတာ တနေရာမှာ ရောဂါဖြစ်နေပြီး ဘာမှမဆိုင်တဲ့နေရာမှာ သွားပြီးနာတာကို ခေါ်တယ်။ အသဲရောဂါ၊ သည်းခြေအိတ်ရောဂါ၊ နှလုံးရောဂါတွေကနေ ပခုံးထိပ်မှာ လာနာတတ်တယ်။ အာရုံကြောတွေက ခါးရိုးမကြီးထဲက Spinal cord မှာ လာဆုံနေကြလို့ဘဲ။ ညာပခုံးမှာ လာနာရင် Gall bladder stone သည်းခြေကျောက်၊ ဘယ်ပခုံးလာနာရင် Ruptured spleen ဘေလုံးကွဲတာ၊ ဒါမှမဟုတ် Pancreatitis သရက်ရွက်ရောင်တာ ဖြစ်တတ်တယ်။ Urinary stone ဆီးလမ်း ကျောက်တည်တာကနေ Pubis ဆီးစပ်၊ Testis ကျားအစေ့၊ Vagina မွေးလမ်းကြောင်းအထိ နာလာတတ်တယ်။

Peritonitis ဆိုတဲ့ ဗိုက်ဖုံးလွှာရောင်တာဟာ ခွဲစိတ်ပညာ အရေးပေါ်အခြေအနေတခု ဖြစ်တယ်။ Gastric perforation အစာအိမ်ပေါက်ခြင်း၊ Appendicitis အူအတက်ရောင်ခြင်း၊ diverticulitis အူမကြီးရောင်ခြင်း၊ intestinal obstruction အူပိတ်ခြင်း၊ Pancreatitis သရက်ရွက်ရောင်ခြင်း၊ Pelvic inflammatory disease တင်ပါးဆုံတွင်းရောင်ခြင်း၊ သားအိမ် ပြင်ပသန္ဓေတည်ခြင်း၊ စတာတွေကြောင့် ဖြစ်စေတယ်။

ကလေးငယ်တွေမှာ ဖြစ်တာက လူကြီးတွေနဲ့ မတူပြန်ဘူး။ ကလေးငယ်ငယ် တအားငိုတယ်ဆိုရင် ဗိုက်နာတာကို အရင် စဉ်းစား။ လေ မဟုတ်ရင် သံကောင် အဖြစ်များတယ်။ ဒိထက် ဆိုးဝါးတာတွေထဲမှာ imperforate anus မွေးကတည်းက စအိုပေါက် မပါတာ။ Intussusception အူကနေအူထဲ တိုးဝင်သွားတာတွေ ပါတယ်။

ရောဂါရာဇဝင် ကောင်းကောင်းပြောတတ်ရင် ဆရာဝန်ကို ကူညီရာကျတယ်။ ကိုယ်ဖြစ်တာကိုယ် မပြောတတ်သူတွေ ရှိတယ်။ စကားပြောကောင်းသူတွေက ဟန်မကျဘူး။ ပိုပြောတတ်တယ်။ စာရေးကောင်းသူတွေက လူနာကောင်းတွေ ဖြစ်နိုင်တယ်။

• စူးစူးရှရှနဲ့ တချက်တချက် အသက်ရှူတန့်သွားအောင် နာလိုက် ရပ်လိုက်ဖြစ်တာဟာ သည်းခြေလမ်း ပြဿနာ။
• အောင့်နာပြီး၊ အန်လာတာမျိုးက အူပိတ်နေတာ။
• ရစ်ရစ်နာပြီး၊ မှန်မှန် ဖြစ်လာတာမျိုးဆိုရင် Appendicitis အူအတက်၊ Intestinal obstruction အူသိမ်ပိတ်ခါစ၊ Mesenteric ischemia အူမြှေးသွေးကြောပိတ်တာ။
• စူးရှပြီး၊ တောက်လျှောက် နာတာဟာ လှုပ်ရှားလေ ဆိုးလေ ဖြစ်ရင် Peritonitis ဝမ်းတွင်းခေါင်းမြှေးရောင်တာ။
• မီခလုပ်ဖွင့်လိုက်တော့ မီးလင်းသလို ဗြုန်းစားကြီး နာလာတာမျိုးက Gastric perforation အစာအိမ်ပေါက်တာ။ Renal stone ကျောက်ကပ်ကျောက်တည်တာ၊ Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်ပြီးပေါက်တာ။
• ဆုတ်ဖြဲခံရသလို နာတာမျိုးက Dissecting Aneurysm သွေးလွှတ်ကြော ဖေါင်းကွဲတဲ့ ရောဂါ။
• အရင်ကလည်း နာဘူးသူဆိုရင် Peptic ulcer လေနာ၊ Gallstone colic သည်းခြေကျောက်၊ Diverticulitis အူမကြီးထဲက ရောင်တာ တခုခုဖြစ်နိုင်တယ်။
• စမ်းကြည့်ရတာနဲ့ နာတာ မမျှအောင် နာတာမျိုးဆိုရင် Mesenteric ischemia အူအမြှေး သွေးမလျှောက်တာ။
• ဗိုက်နာတာက ဘယ်လိုနေရင် သက်သာသလဲ။ Peptic ulcer disease က Antacids သောက်လို့ သက်သာတယ်။ Peritonitis ဆိုရင် အသာလေးလှဲနေလို့ သက်သာတယ်။
• ဗိုက်လဲနာတယ် အန်မယ်၊ ဝမ်းလဲလျှောတာမျိုးက Gastroenteritis အစာလမ်းရောင်တာ။ ဗိုက်နာတာ ကြာပြီးမှ အန်လာမယ်၊ အူတွေလှုတ်ရှားသံ မကြားရသူဟာ Acute intestinal obstruction အူလမ်းပိတ်တာ။

ဗိုက်နဲ့ မဆိုင်ဘဲ ဗိုက်နာတာမျိုးတွေလဲ ရှိသေးတယ်။ Rectus muscle hematoma (ဗယ်လီ) ကြွက်သားမှာ သွေးခဲ နေတာ၊ Testicular torsion ကျားအစေ့လိမ်နေတာ၊ Herpes zoster ရေယုံ၊ Alcoholic ketoacidosis အရက်နာ၊ Diabetic ketoacidosis ဆီးချို၊ Myocardial infarction နှလုံးသွေးကြောကျဉ်း၊ Pneumonia နူမိုးနီးယား၊ Pulmonary embolism အဆုပ်သွေးခဲပိတ်၊ Heavy metal, Methanol poisoning အဆိပ်သင့်၊ Scorpion sting ပင့်ကူကိုက်၊ Opioid withdrawal ဘိန်းဖြတ်။

ရောဂါတွေ တန်းစီရေးပြရတာကို ဖတ်ပြီး၊ သိပ် မကြောက်စေချင်ပါ။ စုံအောင် မရေးရင် ထိန်ချန်မှု ရောက်မှာ စိုးလို့ပါ။ ဗိုက်နာရင် ဆရာဝန်ပြပါ။ မနေနိုင် မထိုင်နိုင် မနာသူများ၊ ဆရာဝန်မပြခင် လှမ်းမေးချင် မေးနိုင်ပါတယ်။ ကုတဲ့နည်းတွေ မရေးသေးပါ။ မေးတဲ့သူကိုတော့ တိုက်ရိုက် ဖြေလိုက်ပါတယ်။ ဆေးကျောင်းသားတွေသာ စာအများကြီး ဖတ်ရတဲ့ဇာတာ ပါတယ် မဟုတ်လား။

လူဆိုတာ နာတာ မခံချင်ကြဘူး။ ဒီလိုဖြစ်သူတွေက (နော်မယ်လ်) ပုံမှန်ဖြစ်တယ်။ နာတာကို သာယာသူတွေ ရှိတယ်။ “အနာခံမှ အသာစံရမယ်” ဆိုတာကို သိလို့တော့ မဟုတ်ဘူး။ Sadism (Sadomasochism) ခေါ်တဲ့ စိတ်ခြေအနေတမျိုး ရှိသူတွေကတော့ အနာခံချင်ကြသတဲ့။ အမှန်က တဗိုက်ထဲနာနာ၊ ဗိုက်သန်းငါးဆယ်နာနာ၊ နာတာ မကောင်းပါ။

Dr. တင့်ဆွေ
၅-၇-၂ဝ၁ဝ

A glass of water ရေတစ်ဖန်ခွက်

၁။ ရေတစ်ဖန်ခွက်ဟာ ဘယ်လောက် မီလီလီတာနဲ့ ညီမျှပါသလဲ။ ၂။ နှာခေါင်း နောက်ကနေ ချွဲတွေ အာခေါင်ထဲကို ခဏခဏ စီးကျနေပါတယ်။ ၃။ အဲတာတွေပျောက်အောင် ဘယ်လိုလုပ်ရပါလဲ။ ၄။ ကျွန်မတို့ အိမ်ထောင်ကျတာ ၃ လရှိပါပြီ။ ၅။ ကျွန်တော် အိပ်မရတာ ၂ ရက်ရှိပါပြီ။ ၆။ ဆံပင်တွေ မကျွတ်ပဲ အကွက်လိုက် ပျောက်ကုန်တယ်။ January 19, 2012 1:36 PM ရေတစ်ဖန်ခွက်ဟာ ဘယ်လောက်မီလီလီတာနဲ့ ညီမျှပါသလဲ ဆရာ။ ဇွန်းကစပြောပါရစေ။ လက်ဖက်ရည်ဇွန်းတွေက အရွယ်အစား အမျိုးမျိုး 25 mL ကနေ 6 mL အထိရှိတယ်။ ဇွန်း (ယူအက်စ်) သုံး လက်ဖက်ရည် 1 ဇွန်း = 1/3 ဟင်းခပ်ဇွန်း = 49 mL (milliliters မီလီလီတာ) = 1⁄6 US oz (အောင်စ) = 1⁄48 cup ခွက် = 1⁄768 US gallon (ဂါလံ) ဇွန်း ဗြိတိန် သုံး - Teaspoon လက်ဖက်ရည်ဇွန်း = ¼ tablespoon ဟင်းခပ်ဇွန်း = 35 milliliters မီလီလီတာ - Tablespoon ဟင်းခပ်ဇွန်း = 1/2 ounce အောင်စ = 142 milliliters မီလီလီတာ စဖိုချောင်သုံး အတိုင်းအတာတွေ 1 liter = 34 ounces = 423 cups 1 cup = 8 ounces 1 tsp = 1/6 fl oz = 1/3 Tbsp 1 Tbsp = ½ fl oz = 3 tsp 1 cup = 8 fl oz = ½ pint 1 pint = 16 fl oz = 2 cups 1 quart = 32 fl oz = 2 pints 1 gallon = 128 fl oz = 4 quarts ၁၆၁၈ မှာ ပဌအဆုံး ဆေးဝါးသုံး Tablespoon ဟင်းခပ်ဇွန်း (မိုးရေ = ပေါင်းခံရေ) = 12 milliliters လို့ သတ်မှတ်ခဲ့တယ်။ ခွက်တွေက ပိုမတူကြသေးတယ်။ "ငါတော့ အရက်ကို တနေ့မှ တခွက်ဘဲ သောက်တယ်" လို့ ပြောရင် "ပေပါကို ကိုင်းတပ် သောက်တာလား" မေးကြတယ်။ ထုံးစံခွက် = 237 ml Metric cup (မက်ထရစ်) ခွက် = 250 ml = ¼ liter Metric teaspoon (မက်ထရစ်) လက်ဖက်ရည်ဇွန်း = 5 ml Metric tablespoon (မက်ထရစ်) ဟင်းခပ်ဇွန်း = 15 ml 2012/1/19 Q: အမည် (့)၊ အသက် ၂ဝ၊ နေရပ်လိပ်စာ ရန်ကုန်၊ ဝေဒနာ နှာခေါင်း နောက်ကနေ ချွဲတွေ အာခေါင်ထဲကို ခဏခဏ စီးကျနေပါတယ်။ ပျောက်လိုက် ပြန်ဖြစ်လိုက်နဲ့ပါ။ အဲဒါနဲ့တွဲပြီး ခံတွင်းနံဆိုးတွေလဲ ထွက်ပါတယ်။ ရေခဏခဏ သောက်ရလွန်းလို့ အပေါ့ခဏခဏသွားနေရပါတယ်။ ဆေးညွှန်းလိုချင်ပါတယ်။ ပြန်မဖြစ်အောင် ကာကွယ်လို့ရပါသလား။ အရှေ့ ဘက် နှာစီးတာတော့ မဖြစ်ပါဘူး။ အာခေါင်ထဲမှာ တခုခုရှိနေသလို ခံစားနေရပါတယ်။ စီးနေတာကိုလဲ သိနေရပါတယ်။ A: ဖြစ်တာ ဘယ်လောက်ကြာပြီလဲ။ ဘယ်ဆေးတွေသုံးနေသလဲ။ ဆရာဝန်ကိုပြဘူးသလား။ ဆေးစစ်သေးလား။ ဥပမာ ဓါတ်မှန်၊ အာလ်ထွာဆောင်း။ Q: ကျွန်တော်ဖြစ်နေတာ သုံးလလောက်ရှိပါပြီ။ ဆေးခန်းတစ်ခါမျှ မပြဖူးပါ နှာခေါင်းနဲ့ပတ်သက်ပြီးတော့ပါ။ Enervon-C သောက်နေပါတယ်။ ဓါတ်မှန်၊ အာလ်ထွာဆောင်း မရိုက်ဖူးပါတယ်။ A: မေးခွန်းလာတုံးကလဲ Spam ထဲကိုဝင်လာတယ်။ စာပြန်ရေးတာလဲ ၂ ခါလုံး မရောက်လို့ ဒီနေရာမှာဘဲ တင်လိုက်ပါတယ်။ • Enervon C ဆေးဟာ Multivitamins ဗီတာမင်မျိုးစုံပါတဲ့ဆေးဖြစ်ပါတယ်။ • Sinusitis သို့မဟုတ် ကိုရီးယားကလာသည့် မေးခွန်းအား ဖြေကြားခြင်း • Respiratory tract infections (1) အသက်ရှူလမ်း အပေါ်ပိုင်း ပိုးဝင်ခြင်းတွေကို ဖတ်နိုင်ပါတယ်။ Thu, Jan 19, 2012 at 9:29 PM ဆရာရေးထားတဲ့ ဝက်ခြံအကြောင်းထဲမှာ ဝက်ခြံအပိတ် (မည်းနေတဲ့ဟာ) အဲတာတွေ ပျောက်အောင် ဘယ်လိုလုပ်ရပါလဲ။ ဘယ်ဆေးသောက်ရပါသလဲခင်ဗျာ။ Thu, Jan 19, 2012 at 9:29 PM နောက်ပြီးတော့ ဆရာ့ရဲ့ အသစ်ပြောင်းသွားတဲ့ ဝက်ဆိုက်လိပ်စာကိုလည်း သိချင်ပါတယ်။ Acne and Antibiotics ဝက်ခြံအတွက် ပဋိဇီဝဆေးများ 2012/1/19 ကျွန်မက အသက် ၂၈ နှစ်ပါ။ အမျိုးသားကတော့ ၂၅ နှစ်ပါ။ ကျွန်မတို့ အိမ်ထောင်ကျတာ ၃ လရှိပါပြီ။ အတူနေဖြစ်တာက ၁ လခွဲလောက်ပဲ ရှိပါတယ်။ အခုကျတော့ သူကလည်း ဝန်ထမ်း ကိုယ်ကလည်း ဝန်ထမ်းဆိုတော့ တယောက်တနေရာစီမှာပါ။ ကလေး မြန်မြန်လိုချင်လို့ပါ။ လက်ထပ်ပြီးကာစမှာ နေ့တိုင်း အတူနေပေမယ့် ကိုယ်ဝန်မရတာ စိတ်ပူလို့ပါ။ သူငယ်ချင်းရဲ့ ညီမဆရာဝန်မလေး ပြောတာကတော့ Clomiphene သောက်ရတယ် ပြောလို့ ဘယ်လို သောက်ရတာလဲ ဆိုတာရယ် Side effect ရယ်ကို သိချင်လို့ပါ။ အမျိုးသားနဲ့က နောက် ၃ လလောက်နေမှ တွေ့ရမှာ။ တွေ့ရင်လည်း တလလောက်ပဲ ခွင့်ရတယ် ဆိုတော့ သားသမီးရဖို့ အခွင့်အရေး ရအောင် ဘယ်လို ဆေးသောက်ရမလဲ သိချင်လို့ပါရှင်။ နောက်ပြီး ကျွန်မက ဓမ္မတာလည်း မမှန်တတ်တာမို့လို့ ကလေးရနိုင်ချေကို သိချင်တာပါ။ အခုဆိုရင် ကျမတို့ နှစ်ယောက်လုံး ကလေး တော်တော်လေး လိုချင်နေကြပါတယ်။ ဒါကြောင့်မို့ အထမြောက်သွားအောင် ဆရာ့အနေနဲ့ လမ်းညွှန်ပေးပါနော်။ - Clomiphene Citrate ကလေးမရနိုင်သူများအတွက်ဆေး - Infertility (1) ကလေးမရနိုင်သေးခြင်း (၁) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၇၈) - Mid Cycle Bleeding and Ovulation Test ကြားရက်သွေးဆင်းတာ နဲ့ မျိုးဥထွက်တာ သေခြာချင်တယ် 2012/1/19 ကျွန်တော် အိပ်မရတာ ၂ ရက်ရှိပါပြီ။ အိမ်မက်တွေတော့ မက်ပြီး စိတ်ကသိနေတယ်။ ဦးနှောက်တွေက အလုပ်လုပ်နေသလိုဘဲ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်လို့မရဘူးဖြစ်နေပါတယ်။ ဘယ်ဆေးသောက်ရမလဲဆရာ။ အသက်က ၂၉ ပါ။ - Sleeping မအိပ်ဘဲနေ အသက်မရှည် - Sleeping မအိပ်ဘဲနေ အသက်မရှည် - Sleep disorders မအိပ်ဘဲနေ အသက်မရှည် (၂) Wed, Jan 18, 2012 at 9:08 PM ကျွန်တော့ ဆံပင်တွေ မကျွတ်ပဲ အကွက်လိုက် ပျောက်ကုန်တယ်။ လူတွေကတော့ စုန်းစုတ်တယ်လို့ ပြောကြတယ်။ နောက် ၃ လလောက်ကြာတော့ ပြန်ပေါက်လာတယ်။ အခုထပ်ပြီး ပျောက်နေပြန်ပြီ။ သတိထားမိသလောက် တနှစ်တခါလောက် ဖြစ်နေတတ်တယ်။ ဆေးမေးကြည့်တော့လဲ ဘယ်သူမှမပြောနိုင်ကြဘူး။ တခြားနေရာမှဆိုရင် ဆံပင်နဲ့ ဖုံးထားလို့ ပြသနာ မရှိပေမဲ့ နဖူးထိပ်နားမှာဆိုတော့ တော်တော်လေး အကြည့်ရဆိုးပါတယ်။ အောက်ကစာနဲ့ ဆံပင်မှို (ဖန်းဂတ်စ်) ကိုလဲ သတိထားပါ။ - Hair Loss ဆံပင် ကျွတ်ရင် Dr တင့်ဆွေ ၂ဝ-၁-၂ဝ၁၂